မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်

မောင်တော    ဒီဇင်ဘာ   ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (/၂၀၂၁) သင်တန်းဆင်းပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်(:၀၀) နာရီအချိန် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်က အမှာစကားပြောကြားရာတွင်  သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူခဲ့ကြပြီးဖြစ်ကြောင်းနှင့် မိမိရပ်ရွာအတွင်း မီးဘေးအန္တရာယ်ကြုံတွေလာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်အောင် စနစ်တကျ သင်ယူကြ ခဲ့ကြပြီး ဖြစ်သဖြင့် သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို အကျိုးရှိစွာ အသုံးချတတ်စေရေး တို့ကို မှာကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသား တစ်ဦးမှ လက်ခံခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို  မြို့ပေါ်ရပ်ကွက် အသီးသီးမှ သင်တန်းသား ၅၀ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ရက်နေ့မှ ၂၉ ရက်နေ့ထိ   သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်နိုင်ရန်အတွက် ဒုဦးစီးမှူး ဆန်းလှိုင် ဦးစီး၍ တပ်ဖွဲ့ဝင်များက  စစ်ကြောင်းပုံစံဖြင့် ချီတက်ကာ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌထံမှ ခွင့်ပြုချက်တောင်းခံခြင်း၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက  ငလျင်ဘေးကြောင့် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များကို သရုပ်ဖော်ကာ  ရှာဖွေ ကယ်ဆယ်ရေး ပြုလုပ်ခြင်း၊ အဆောက်အဦးအမြင့်မှ လူနာများအား ကယ်ထုတ်ခြင်း၊ ရှေးဦးပြုစု စောင့်ရှောက်ခြင်း၊ လူနာများအား အနီးစပ်ဆုံး ဆေးရုံများသို့ ပို့ဆောင်ခြင်း လုပ်ငန်းများကို  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကရုဏာကွန်ရက် အသင်းတို့က  ပူးပေါင်း ဇာတ်တိုက် လက်တွေ့သရုပ်ဖော်ပြသကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)