နံရံဆေးရေးပန်းချီ ထိန်းသိမ်းရေးနှင့် ရှေးဟောင်းဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များ ဓာတုဆေးဖြင့် ရှင်းလင်းခြင်းလုပ်ငန်း သင်တန်းဆင်းပွဲ ကျင်းပ
Jan 01,2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုဒေသထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်း၍ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ထိန်းသိမ်းရေးကော်မတီဝင် ဦးသန်းဌေး(နံရံပန်းချီထိန်းသိမ်းရေးမှူးဟောင်း)၊ ဓာတ်ခွဲဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လင်းတို့ ဦးစီး၍ ဖွင့်လှစ်ခဲ့သော နံရံဆေးရေး ပန်းချီထိန်းသိမ်းရေးနှင့် ရှေးဟောင်းအဆောက်အုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များ ဓာတုဆေးဖြင့် ရှင်းလင်းခြင်းလုပ်ငန်း သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲအ ချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။