သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အခြေခံပညာကျောင်းများတွင်ကျင်းပ
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်‌နေ့က စတင်ကျင်းပခဲ့‌ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင်  မြို့ကုန်းကျေးရွာတွင် ပုလဲသွယ်(စပ်မျိုးစပါး)စံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပုလဲသွယ်(စပ်မျိုးစပါး) စံကွက် ရိတ် သိမ်းပွဲကို ယမန့်နေ့က  ညောင်အုပ်ကျေးရွာအုပ်စု မြို့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၂၉ ၊ ဦးပိုင်အမှတ် ၁၀၆/၁ ရှိ တောင်သူ ဦးပု၏ ပုလဲသွယ်(စပ်မျိုးစပါး)စိုက်ဧက ၁ ဒဿမ ၂၀ဧကတွင် ဆောင်ရွက်ခ ကြောင်း သိရသည်။
ပေါင်းတည်မြို့၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၂၀၂၀-၂၀၂၁ ခုနှစ် ရာသီစပါး (ပေါ်ဆန်းဘေးကြား) အထွက်နှုန်းစံကွက် ရိတ်သိမ်းပွဲနှင့် တောင်သူတွေ့ဆုံပွဲ အခမ်းအနားတက်ရောက်
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါး ရာသီတွင် ရာသီစပါး (ပေါ်ဆန်းဘေးကြား) စပါးမျိုးအား စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မျိုးသန့်မျိုးစေ့ထုတ်ရန် စိုက်ပျိုးထားသည့် နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း စိုက်ပျိုးထားသည့် ကွင်းအမှတ် (၈၃၁) ရာသီစပါး (ပေါ်ဆန်းဘေးကြား) စိုက်ခင်း (၅.၀၀)ဧကကို စရိတ်သိမ်းခဲ့ကြောင်း သိရသည်။   
စဉ့်ကိုင်မြို့နယ်တွင် ရေစင်ရုံတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း  ကျေးရွာများသောက်သုံးရေလိုအပ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  တဘက်ဆွဲ ကျေးရွာအုပ်စု မြေတော်ကျေးရွာ၊ ဝန်းသိုကျေးရွာအုပ်စု  အရေးမဆို    ကျေးရွာတို့တွင်  ရေစင်ရုံတည်ဆောက်နေမှုကို  ယနေ့ နံနက်(၁၁)နာရီက  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ရွာမနား(တောင်)ကျေးရွာတွင်(VDP)စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း (၉၀)% ပြီးစီးပြီဖြစ်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ခြောက်လတာ ကာလအတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဆောင်ရွက် ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် တောင်တွင်းကြီးမြို့နယ် ရွာမနား(တောင်) ကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်း ကျဆင်းနေသော်လည်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) အပါအဝင် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မင်းကွက် (၁) ရပ်ကွက်အတွင်း လိုက်လံအသိပညာပေး​နှိုးဆော်ခဲ့ကြောင်း သိရသည်။