နံရံဆေးရေးပန်းချီ ထိန်းသိမ်းရေးနှင့် ရှေးဟောင်းဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များ ဓာတုဆေးဖြင့် ရှင်းလင်းခြင်းလုပ်ငန်း သင်တန်းဆင်းပွဲ ကျင်းပ

ညောင်ဦး  ဇန်နဝါရီ  ၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုဒေသထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်း၍ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ထိန်းသိမ်းရေးကော်မတီဝင် ဦးသန်းဌေး(နံရံပန်းချီထိန်းသိမ်းရေးမှူးဟောင်း)၊ ဓာတ်ခွဲဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လင်းတို့ ဦးစီး၍ ဖွင့်လှစ်ခဲ့သော နံရံဆေးရေး ပန်းချီထိန်းသိမ်းရေးနှင့် ရှေးဟောင်းအဆောက်အုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များ ဓာတုဆေးဖြင့် ရှင်းလင်းခြင်းလုပ်ငန်း သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ  ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲအ ချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မန္တလေးဌာနခွဲမှ သင်တန်းသား()ဦး၊ ပုဂံဌာနခွဲမှ သင်တန်း သား()ဦး၊ ပုဂံဒေသရှိ သမိုင်းအထင်ကရ ဘုရားများ ဂေါပကအဖွဲ့မှ သင်တန်းသား(၁၈)ဦး၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (BHT)မှ သင်တန်းသား (၁၈)ဦး၊ ဒေသခံပရဟိတအဖွဲ့နှင့် ဧည့်လမ်းညွှန်အဖွဲ့များမှ သင်တန်းသား(၁၀)ဦး စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ ထိုသင်တန်းတွင် သင်တန်းဆရာများက နံရံဆေးရေးပန်းချီ ကြံ့ခိုင်ထိန်းသိမ်းခြင်း၊ အပေါက်ဖာထေးခြင်း၊ Grouting ဖျော်ရည်ထိုးသွင်းခြင်းနှင့် အနားသတ်ခြင်း လုပ်ငန်းများအကြောင်းကို စာတွေ့လက်တွေ့ သင် ကြားပေးခဲ့ကြောင်း၊ ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များကိုလည်း ဓာတုဆေးဖြင့် အပင်များ ရှင်းလင်းခြင်း၊ Assessment ကောက်ယူခြင်း စသည့် လုပ်ငန်းများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပေး၊ သင်ကြားခဲ့ခြင်း ဖြစ်ကာ ယမန်နေ့က သင်တန်းဆင်းအခမ်းအနားအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုထိန်