မိုင်းကိုင် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြု ဗဟိုဌာန (Community Center) ၌ ယနေ့ မနက်ပိုင်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် အရောင်များ၏ သဘောသဘာဝ၊ အရောင်ပေါင်းစပ်မှုနှင့် အပူရောင် အအေးရောင် အကြောင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦးက ရှင်းလင်းပြောကြားပြီး နောက် တက်ရောက်လာကြသော အခြေခံပညာ အထက်တန်း ကျောင်း-ခွဲ (မိုင်းကိုင်) မှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၀ ဦးတို့က ပျော်ရွှင်စွာဖြင့် ဆေးရောင် ခြယ်ယှဉ် ပြိုင် ခဲ့ကြသည်။
ထို့နောက် ကလေးများအား စာဖတ်ရှိန်မြှင့်တင်သည့်အနေဖြင့် ကလေးစာဖတ်ဝိုင်း ကျင်းပပြု လုပ်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ အာဟာရတိုက်ကျွေးခြင်းများ ဆောင်ရွက်ကာ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးမောင်(မိုင်းကိုင်)