ကျောက်ဖြူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အွန်လိုင်းအသိပညာပေး Talk Show ပြုလုပ်

ကျောက်ဖြူ   ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သဘာဝဘေး   အန္တရာယ် ဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နေ့လယ် ၁ နာရီက ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ကျောက်ဖြူခရိုင်၊ မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးစည်သူလင်းမှ သဘာဝမီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန် အတွက် ပြင်ဆင်ထားရမည့်အချက်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရမည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်ရန်နည်းလမ်းများ၊ မီးငြှိမ်းပြီးပါကပြုလုပ်ရန်အချက် များနှင့် ဒေသခံပြည်သူများ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး အစရှိသည့် သဘာဝဘေး အန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရ မည့်အချက်အလက်များ၊ ချိတ်ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ဘေးကင်းလုံခြုံရေးအ တွက် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များနှင့် မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရည်ရွက်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများစသည့် အသိပညာပေး များအား ကဏ္ဍစုံလင်စွာဖြင့် ဆွေးနွေးခဲ့သည်။

ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ကာလအတွင်း ပြည်သူများ စာပေ အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများပြုလုပ်ပြသပေးခြင်း၊ သုတ၊ရသ စာအုပ် အညွှန်းများ မိတ်ဆက်ခြင်းတို့အပြင် ကလေးများဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ် ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်း စသည့် အသိပညာပေး အစီအစဉ်များအား Face Book Page မှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဒေါ်အောင်တင်ကြည် ဦးစီးအရာရှိ (တာဝန်ပေး) ထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)