မော်လမြိုင်ခရိုင်တွင် လူငယ်များစဉ်းစားတွေးခေါ်မှု မြင့်မားစေရေး စစ်တုရင် သင်တန်း ဖွင့်လှစ်
Dec 29,2021
လူငယ်၊လူရွယ်များ ကာယ၊ဉာဏ စွမ်းရည်ပြည့်စုံပြီး စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စစ်တုရင်သင်တန်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။