မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များ Online မှတစ်ဆင့်ဆောင်ရွက်ပေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်မှ ကျောင်းသားကျောင်းသူကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ၊ စာအုပ်မိတ်ဆက်ခြင်းလုပ်ငန်းများအားမြို့နယ်ရုံးဝန်ထမ်းများမှထုတ်လွှင့်တင်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအနေဖြင့် စာကြည့် တိုက်သို့မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာပေဖတ်ရှုနိုင်စေရေး ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါသည်။