ပူတာအိုခရိုင် Community Centre ခန်းမ၌ ဒေသ၀မ်းစာဖူလုံရေး Talk Show ဆွေးနွေး
Dec 30,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပူတာအိုခရိုင် ဒေသ၀မ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား မေးမြန်းဆွေးနွေးခြင်း Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။