ကသာမြို့နယ်၌ လူဦးရေပေါင်း (၂၇၀၆၈) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်

ကသာ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား ယခုနှစ် ဇန်နဝါရီလအတွင်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီလ (၂၀) ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် လူဦးရေ (၂၃၈၂၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၃၂၄၈)ဦး၊ စုစုပေါင်း (၂၇၀၆၈) ဦးတို့အား ဒုတိယအကြိမ်အထိ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထိုသို့ထိုးနှံရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေးကြသည်။

ခရိုင်(ပြန်/ဆက်)