မောက်မယ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင် ၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က ယနေ့ နံနက် ၉ နာရီက စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးချိပ်မီးကပ်များ ထားရှိ သွားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ထားရှိရန်၊ သဲအိတ်/ရေပုံး/ရေအိတ်များ ထားရှိရန်၊ မီးသတ်ဆေးဘူးများထားရှိရေး၊ မီးလောင်မှုများ ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်း ပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်ရေးတို့အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)