ဝါးခယ်မမြို့တွင် Clean City,Green City, Smart City ဖြစ်လာစေရေးအတွက် စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်

ဝါးခယ်မ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Clean City, Green City,Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ အချိန်က မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတစ်လျှောက်တွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦး‌ဆောင်၍  မြို့နယ်စည်ပင် သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၆၀)ခန့်ဖြင့် ကမ်းနား လမ်း‌တစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းအမှိုက်များ သယ်ယူ၍ အမှိုက်ကားပေါ်သို့ စနစ်တကျသယ်ယူ စွန့်ပစ်ပေးခြင်းများ စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)