ဖြူး ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာ ကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်း Talk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာ ကာကွယ်ပေးရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက စားသုံး သူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးသည့်အခါတွင် ကုန်အညွှန်း အမှတ်အသား ပြည်စုံမှန်ကန်မှုရှိမရှိ စစ်ဆေးရသည့် အရေးကြီးအချက်များ၊ ကုန်အညွှန်း အမှတ် အသားကို မြန်မာဘာသာဖြင့် ဖော်ပြ ဖြန့်ဝေရသည့် အချက်များ၊ စားသုံးသူ အခွင့်အရေး ဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ Talk Showကို ပြည်သူများ စားသုံးသူအခွင့် အရေး ဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဖြူးမြို့နယ်ပြည်သူ့ စာကြည့်တိုက် Page တွင် အွန်လိုင်းမှ တဆင့် အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)