အင်္ဂပူ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ၂၂ နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ အပတ်စဉ် ဌာနဆိုင်ရာများစုပေါင်းဆောင်ရွက်နေကြ မြို့သန့်ရှင်းသာယာလှပ အမှိုက်ကင်းစင်စေရေးအတွက် အမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်ကြသည်။
အဆိုပါစုပေါင်းအမှိုက်ကောက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းဦး ဆောင်သော ဝန်ထမ်းများ၊စုပေါင်းပြီး မြို့သန့်ရှင်းသာယာလှပရေး၊စိမ်းလန်းစိုပြေရေး၊ အမှိုက်ကင်းစင်ရေးအတွက် စုပေါင်း အမှိုက်ကောက်ခြင်း၊ မြက်ရိတ်စက်ဖြင့်ဖြတ်ခြင်း၊ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်း ခြင်း ရှင်းလင်းပြီးအမှိုက်များအား စနစ်တစ်ကျစုပုံမီးရှို့ခြင်းများ ဆောင်ရွက်ခြင်းနှင့် အပတ်စဉ်စနေနေ့တိုင်း ဌာနအလိုက် ဘုရားကျောင်း၊ကန်များတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ အမှိုက်ကောက်ခြင်းနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြေညာဆိုင်းဘုတ်များ၊ အမှိုက်ပုံးများထားရှိပြီး ရပ်ကွက်များအတွင်း အမှိုက်သိမ်းကားများဖြင့် အလှည့်ကျ လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)