တနင်္သာရီ ဇန်နဝါရီ ၂၂
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများက ဇန်နဝါရီလ ၂၁ ရက်နေ့က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ တမုတ်ချုံးကျေးရွာ ဘက်စုံသုံးခန်းမဆောင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးနေစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦး၊ တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၊ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်နှင့် မြို့နယ်ဦးစီးမှူး ဦးမြင့်ကြွယ်တို့ လာရောက်၍ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရန် ရောက်ရှိနေကြသည့် ဒေသခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က ရွာသူရွာသားများအား ပန်းခင်း စီမံချက်နှင့် ပတ်သက်၍ ပဏာမ ရှင်းလင်းပြောကြားပြီး မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးကနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ အရေးပါပုံနှင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်အကြောင်းအရာအား အသေးစိတ် ရှင်းလင်းပြောကြားပြီးနောက် (လဝက)မှူး ဦးတင့်နိုင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ယမန်နေ့က နိုင်၃(က) ၆ ဦး၊ နိုင် ၆ (က)၂၅ ဦး၊ လှဲလှယ်(၁၃)ဦး၊ မိတ္တူ(၂၁)ဦး၊ စုစုပေါင်း (၆၅) ဦးတို့အား ဆောင်ရွက်ပြီးစီးခဲ့ပြီး နောက်ရက်များတွင် ဆက်လက်ပြုလုပ်ပေးသွာမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)