ကျိုက်လတ် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အနေဖြင့် သန့်ရှင်းရေးဆောင်ရွက်နှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ က တိလောကမာရဇိန်ဘုရားဝန်း၊ စန္ဒမုနိဘုရားဝန်း၊ ရပ်တော်မူဘုရားဝန်းနှင့် မြို့အဝင်/အထွက် နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင်ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်ဦးစိန်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူ (၂၇၅) ဦးတို့မှ စုပေါင်း၍ ကျိုက်လတ်မြို့ ၇ လမ်း တိလောကမာရဇိန်ဘုရားဝန်း ၊ ၅ လမ်း စန္ဒမုနိဘုရားဝန်း ၊ ၂ လမ်း ရပ်တော်မူဘုရားဝန်းများရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ခြင်းနှင့် မြို့အဝင် မအူပင်-ကျိုက်လတ်မြို့ ကားလမ်းမ ဝဲ/ယာ၊ ကျိုက်လတ်-ဖျာပုံ ကားလမ်းမ ဝဲ/ယာ စသည့် စုရပ်(၅)နေရာတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်