သတင်းများ

ကမာရွတ်မြို့နယ်အတွင်း ပြည်လမ်းတစ်​လျှောက် စုပေါင်းသန့်ရှင်း​ရေးများ​ဆောင်ရွက်
Dec 29,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယမန်​နေ့နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ် စည်ပင်သာယာ​ရေး မြို့ပြနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်း​ရေးဌာနမှ ဝန်ထမ်းများစု​ပေါင်း၍ ပြည်လမ်းမကြီးတစ်​လျှောက် သန့်ရှင်းသာယာလှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့်ကတ်တုံးများ​ရေ​ဆေးခြင်းဆောင်ရွက်​ပေးလျက်ရှိပါသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်
Dec 29,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် စီမံအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ လျှပ်စစ်၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး စသော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးစုရပ်၌ ယနေ့နံနက် ပိုင်းကဒေသခံပြည်သူများသို့ ဦးစားပေးဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၄၀)နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် အသက်(၄၀)နှစ်ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက် (၁ဝ)နာရီအချိန်မှ ၁ နာရီ ၃၀ ထိ စုစုပေါင်း (၃၉၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အခြေခံပညာကျောင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း၌ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများနှင့် အ.မ.က(၆)ရှိ မူလတန်း ကျောင်းသားကျောင်းသူများကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်
Dec 29,2021
နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်အသင်းရုံးခန်းမတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ
Dec 29,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ လူထူအ​ခြေပြူဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။