လှည်းကူး ဒီဇင်ဘာ ၂၉
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ လူထူအခြေပြူဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကာ ဆုရရှိသူများကို လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများ ပေးချီးမြှင့်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမှတ်တရ လက်ဆောင်များအဖြစ် ဗလာစာအုပ်နှင့် ခဲတံများ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့် တိုးတက်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အချိုရည်နှင့် မုန့်များဖြင့် ဧည်ခံကျွေးမွေးခဲ့ကြောင်းလည်း သိရသည်။
သန်းသန်းစိုး