သတင်းများ

နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက် ထိုနှံပေးလျက်ရှိ
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပထမအကြိမ် ထိုးနှံရမည့် ပြည်သူများနှင့် ဒုတိယအကြိမ် ပြန်လည်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ်များဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စိုင်ကောင်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်    နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Dec 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကယကံရှင်များထံပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သည်။
မင်းလှမြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား (၇၄) နှစ် မြောက်လွတ်လပ်‌ရေးနေ့ “သတင်းစကား” လက်ကမ်း စာစောင်များဖြန့်ဝေပေး
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အား လွတ်လပ်ရေးနေ့ကို မမေ့လျော့စေရေးအတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင်ကျောင်းတွင် (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြသည်။
သာယာဝတီမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဆက်လက် ကျင်းပ ပြုလုပ်ခဲ့​သည်။
သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 29,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများမှ ယနေ့ နံနက် ၇ နာရီက ဗိုလ်ချုပ် အားကစားကွင်းအတွင်းရှိ ယာယီပျံကျဈေးအတွင်းမှ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား အသိပညာပေး နှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Dec 29,2021
ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက    ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာများသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော် ပေးလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းဆောင်ရွက်
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် အိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မင်းဘူးမြို့ တောင်လှည်းကောက်လမ်းဆုံ၊ မြောက်လှည်းကောက်အဝိုင်းပတ်နှင့် ကန်ရေ စစ်ဆေးရေးဂိတ်တို့တွင် သုံးနေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း‌ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်
Dec 29,2021
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က တိုင်း‌ဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။