နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်

နမ္မတူ  ဒီဇင်ဘာ၂

နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်အသင်းရုံးခန်းမတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌ ဒေါ်နန်းခမ်းငင်းမှ သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အမှုဆောင်ဒါရိုက်တာမှ အသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြရာ မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးဆမ်မန်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 အစည်းအဝေးသို့ တက်ရောက်လာသော အသင်းသားအသင်းသူ (၅၀)ဦးအား မြို့နယ် သမဝါယမ ဦးစီးအရာရှိ ဦးဆမ်မန်းနှင့် တာဝန်ရှိသူများက ငွေကျပ် (၁၃၀၀၀၀)ကျပ်တန်ဖိုးရှိ အမှတ်တရ လက်ဆောင်ပစ္စည်းများအား အသင်းသားအသင်းသူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော်