သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(omicron)  ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 29,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုးများကို သတိပြု အ‌လေးနက်ထားကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွား ရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်ထွေ/အုပ်ရုံး အစည်းအဝေခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စာအုပ်အား ဖတ်ကြားရှင်းလင်း
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင် ထွေ/အုပ်ရုံး ဝန်ထမ်းများစုပေါင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ဖတ်ကြားရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့်ပန်းချီ ပြိုင်ပွဲများ ကျင်းပ
Dec 29,2021
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဌာနက ကြီးမှူး ကျင်းပသည့် တိုင်းအဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း  အသိပညာပေး လိုက်လံနှိုးဆော်
Dec 29,2021
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများ  သိရှိနိုင်စေရန်အတွက် ရပ်ကွက်များအတွင်း အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile ထွက်၍ စာအုပ်စာစောင်များ ငှားရမ်းကာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အ-မ-က(၁၁၂) ခရင်ချောင်းကျောင်းသို့ Mobile ထွက်ကာ စာအုပ်စာစောင်များငှားရမ်း၍ အသိပညာပေးလုပ်ငန်း များကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) စတင်အကောင်အထည်ဖော်ဆောင်ရွက်နေ သည့်ကညင်သောင်ကျေးရွာအုပ်စု မြစ်ကျိူးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့ညနေပိုင်း တွင်တာဝန်ရှိသူ များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 29,2021
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးစီးကြီးမှူးကျင်းပသော(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဂိမ်းပြိုင်ပွဲများ ပြုလုပ်
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား  (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ဂိမ်းပြိုင်ပွဲများကို ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။