ကျောက်တံတားမြို့နယ်တွင် အသက်(၄၀)နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်တံတား ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် အသက်(၄၀)နှစ်ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်() ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက် (၁ဝ)နာရီအချိန်မှ နာရီ ၃၀ ထိ စုစုပေါင်း (၃၉၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)