ကျောက်တံတား ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း၌ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများနှင့် အ.မ.က(၆)ရှိ မူလတန်း ကျောင်းသားကျောင်းသူများကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့် အဖွဲ့ဝင်များမှ ကျောင်းသား၊ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေများ စစ်ဆေးပေးခြင်း၊ သံချဆေး တိုက်ကျွေးခြင်းနှင့် BaB အားဆေးများ တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)