မြေပုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြည်သူစာကြည့်တိုက် ထားရှိပေးသော်လည်း အလုပ်မအား၍ စာကြည့်တိုက်သို့ စာအုပ်များလာရောက် ငှားရမ်းနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့ မွန်းလွဲ ၁ နာရီက မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်များ နယ်လှည့်စာကြည့် ကွင်းဆင်း ဆောင်ရွက်ပေး ကြသည်။