သတင်းများ

မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကျင်းပ
Dec 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက  ကျင်းပသည်။             
မိုင်းခတ်နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိ၍ လက်ရှိတွင်ပြည်သူ့‌ဆေးရုံ၌ ဆေးကုသမှု ခံယူသူ(၁)ဦးသာ ကျန်ရှိ‌ကြောင်းသိရှိရသည်။
မော်လမြိုင်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 28,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်အခြေခံပညာကျောင်းများတွင်အားကစားပြိုင်ပွဲများကို ကျင်းပပေး လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ ကမော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်းတွင် ကလေးငယ်များကျောင်းစာ အပြင်ကာယ၊ ဉာဏ စွမ်းရည်ဖွံဖြိုးစေရေး အတွက် အားကစား ပြိုင်ပွဲများကျင်းပပေးကြောင်း သိရသည်။
ကသာမြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့်ကာယပညာဆိုင်ရာများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ် ၍ ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမ၌ အားကစားပစ္စည်းထောက်ပံ့ပေးအပ်ပွဲ၊  အားကစားနှင့်ကာယပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Physical Fitness Dance သရုပ်ပြပွဲများ  ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဂွမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အလယ်တန်းအဆင့်) အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အလယ်တန်းအဆင့်) အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း များ ဆက်လက်ဆောင်ရွက်
Dec 28,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ပျဉ်းမနားမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။