ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၁ ဖွင့်ပွဲ ကျင်းပ
Dec 25,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ၊ ခရီးစဉ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စား ဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကိုခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရည်ရွယ်ကာ ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၁ ဖွင့်ပွဲကို ယနေ့နံနက် (၇း၃၀) နာရီက ခရိုင်ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်ကြသည်။