သတင်းများ

ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Dec 28,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ အောင်ချမ်းသာရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Dec 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၇ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမ အသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အေးမြကြည်လင်ဈေးတွင် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းမီးလောင်မှုမဖြစ်ပွား စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ ဈေးများ၊ စက်ရုံ/အလုပ်ရုံများနှင့် စက်သုံဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး ပညာပေး ဟောပြောခြင်းများ လက်တွေ့သရုပ်ပြဇာတ်တိုက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အေးမြကြည်လင်ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခဲ့ပြီး မီးငြှိမ်းသတ်ခြင်း များကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုးမောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ
Dec 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် အ.ထ.က(ကြံခင်း)ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀)နာရီခန့်တွင် အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းပုံမှန်လည်ပတ်၍ အဆင်ပြေလျက်ရှိ
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဆည်ကျေးရွာတွင် အစဉ်အဆက်လုပ်ကိုင်လျက်ရှိသော ပုန်းရည်ကြီးလုပ်ငန်းမှာ ယခုလိုပွင့်လင်းရာသီကာလတွင် လုပ်ငန်းပိုမိုတွင်ကျယ်၍ ရောင်းအားတိုးတက်ကာ လုပ်ငန်းပုံမှန်လည်ပတ်သူများ အဆင်ပြေကြကြောင်း အဆိုပါကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Dec 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၁၅)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၁၀)ဦး၊ အသစ်လဲလှယ်သူ (၃)ဦး၊ စုစုပေါင်း(၂၈)ဦးတို့အား ယမန်နေ့နံနက်(၈)နာရီက ဇ/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က (ရွှေသောင်ယံ)တွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကို ကျင်းပခဲ့ကြောင်း သိရသည်။
ရေကြည်မြို့ကို သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ကင်းစင်ရေး လုပ်ငန်းများကို ပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနိုးဆော်ခြင်းနှင့် စစ်ဆေးဆောင် ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပိတောက်ချောင်လမ်းဆုံတွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များပေါ်တွင် အမှိုက်များ မပစ်ချစေရန်၊ ယာဉ်ပေါ်တွင်ပါလာသော ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။