သတင်းများ

ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် အရုပ်ခေါက်ပြိုင်ပွဲကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့   အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်  အရုပ်ခေါက်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ကော့ကရိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  (Talk Show) ကျင်းပ
Dec 28,2021
(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြို ဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲတို့ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယမန်နေ့ညနေ  (၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။
သရက်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းများကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူ (၃၄၂) ဦးအား သန်ချဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 28,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်၌ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ မကွေးတခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစား ပြိုင်ပွဲများကို ယနေ့မှစ၍ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဖလား အလွတ်တန်း(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Dec 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှစ်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ် တာဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာ ပေး နှိုးဆော်ကြောင်း သိရသည်။