လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 27,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign) ကို ယနေနံနက် ၈နာရီအချိန်တွင် လူစည်ကားရာ နေရာများဖြစ်သော ဦးပုညလမ်းနှင့် အမှတ်(၁၆)ရပ်ကွက်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။ ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရာတွင် အမှတ်(၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်း လာရောက်တိုင်သူများ၊ ကျောင်းသား/သူများ၊ ဈေးဝယ်၊ဈေးရောင်းသူများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိသူများအား Mask အခု ၁၀၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။