သတင်းများ

ရပ်စောက်၌ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Dec 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ်ပွားလာပါက အရေးပေါ်မီးငြိမ်းသတ်ရန် ပစ္စည်းများထားရှိမှုနှင့် မီးဘေးလုံခြုံမှု ရှိ /မရှိစစ်ဆေးခြင်း ကိုယမန်နေ့က မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးတင်မောင်ထွေးနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက်၊ နယ်မြေစခန်း တာဝန်ခံ ဦးအေးမင်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော် မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၆၀၁)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၆၀၁)ဦးအား ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် သာသနာ့ဗိမာန်စုရပ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovace) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ (အလွတ်တန်း) ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲကျင်းပမည်
Dec 28,2021
၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား လားရှိုးမြို့ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၁) ရက်နေ့မှ စတင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် ငွေလုံငွေရင်း လုပ်ငန်းဖြစ် သော “ကံ့ကော်လမ်း” ကွန်ကရစ်ခင်းကျင်း ဆောင်ရွက်ပြီး
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းဖြစ်သာ အမှတ်(၂) မန်လုံရပ်ကွက်၌ “ကံ့ကော်လမ်း” ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ (၁၂)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် အကျုံးဝင် လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် များအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး အကြိမ်ရေအားဖြင့် ပဥ္စမအသုတ် (Phase-5) သို့ ရောက်ရှိ ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုအနေဖြင့် ယမန်နေ့အထိ မြို့နယ်အတွင်း ဆေးထိုးရန် အကျုံးဝင်လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose ဆက်လက်ထိုးနှံပေး
Dec 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဆိုင်ကလုန်းရှက်တာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။