မိုးမောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ

မိုးမောက်    ဒီဇင်ဘာ      ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် ..က(ကြံခင်း)ကျောင်း၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀)နာရီခန့်တွင် အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊  အာလူးကောက်ပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲ ()မျိုးကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအလိုက် ကျင်းပပေးခဲ့ ကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ..က(ကြံခင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်တောင်နှင့် ဆရာ/ ဆရာမများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)