အင်္ဂပူ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ်ပွားလာပါက အရေးပေါ်မီးငြိမ်းသတ်ရန် ပစ္စည်းများထားရှိမှုနှင့် မီးဘေးလုံခြုံမှု ရှိ /မရှိစစ်ဆေးခြင်း ကိုယမန်နေ့က မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးတင်မောင်ထွေးနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက်၊ နယ်မြေစခန်း တာဝန်ခံ ဦးအေးမင်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မဲဇလီကုန်းမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ် ပွားလာပါက မီးငြိမ်းသတ်ရန်အတွက် မီးသတ်ဆေးဘူးများ ထားရှိခြင်းရှိ /မရှိစစ်ဆေးခြင်း၊ firepoint များ စစ်ဆေးခြင်း၊ အရေးပေါ်အပေါ့စားရေစုပ်စက်များစစ်ဆေးခြင်း၊ ဆီများသိုလှောင်ထားသော Ground tank များ Over head tank များစစ်ဆေး ခြင်း၊ foam ဆေးရည်များစစ်ဆေးခြင်း၊ အရေးပေါ်အဝင်ထွက်လမ်းများ သတိပေးဆိုင်းပုဒ်များ ဆောင်ရွက်ထားရှိခြင်းရှိ /မရှိတို့ကို စစ်ဆေးခဲ့ ကြပြီးမြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးတင်မောင်ထွေးက ဆိုင်ဝန်ထမ်းများအား မီးဘေးအန္တရာယ်သတိမူရေးနှင့် အရေးပေါ်မီးသတ်ဆေးဘူးအသုံးပြုပုံများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)