လားရှိုး ဒီဇင်ဘာ ၂၈
၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား လားရှိုးမြို့ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၁) ရက်နေ့မှ စတင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
လားရှိုးမြို့နယ်ရှိ ကလပ်ပေါင်းစုံ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရေးကော်မတီ၏ စီစဉ်မှုဖြင့် လားရှိုးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးစီးဆောင်ရွက်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ကလပ်အသင်းများအနေဖြင့် ဒီဇင်ဘာ(၃၁)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကာ ဆုများကို ဇန်နဝါရီလ(၄)ရက်နေ့၌ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံက သိရှိရသည်။
ဟန်ဌေး