ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၆၀၁)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကြံခင်း  ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၆၀၁)ဦးအား ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် သာသနာ့ဗိမာန်စုရပ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovace) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၆၀၁)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး (Sinovace) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မိုးမိုး