မြို့သစ်၌ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကျင်းပ

မြို့သစ် ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးတခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစား ပြိုင်ပွဲများကို ယနေ့မှစ၍ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းကစ၍ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရာတွင် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်ခွန်အား တိုးပွားစေခြင်းနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ကျင်းပပြုလုပ် ပေးခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို အခြေခံပညာ အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းအဆင့် ဖားခုန်ပြိုင်ပွဲ၊ အိတ်စွတ်အပြေးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ထုပ်စည်တိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲစသော ကစားနည်းမျိုးစုံကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများအား လွတ်လပ်နေ့တွင် ဆုများပေး အပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဇော် (ပြန်/ဆက်)