ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် အရုပ်ခေါက်ပြိုင်ပွဲကျင်းပ

ကဝ ဒီဇင်ဘာ ၂၈

 

            ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့   အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်  အရုပ်ခေါက်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

            ထိုသို့ ဆောင်ရွက်ရာတွင် ကလေးစာဖတ်ခန်းမှ ကလေးများအတွက် အပန်းဖြေအနားယူရာ နေရာ၊ အသိပညာဗဟုသုတ ရှာမှီးရာနေရာအဖြစ် သိမြင်လာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကာ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် ဆေးရောင်များ မှန်ကန်စွာ ရွေးချယ်တတ်စေရန်၊ အရုပ် လေးများ ခေါက်တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

            အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်  အရုပ်ခေါက်ပြိုင်ပွဲများကို အ.ထ.က ကဝမှ မူလတန်း အဆင့်ကျောင်းသား /ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား  ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)