သတင်းများ

မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်  ရည် ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ဒီဇင်ဘာ(၂၈)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွေမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်းဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက် လှူဒါန်း
Dec 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှု အသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
ပင်းတယမြို့နယ်မြို့မစျေးရှိ၊ စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ မြို့နယ် စည်ပင်သာယာရေးဌာန မြို့မစျေးရှိ၊ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ကကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲကျင်းပ
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၄)နေ့တွင် ကျရောက်မည့်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဆွေးနွေးပွဲကို  ယနေ့ နံနက်(၉)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ် ပြည်သူ့စာကြည့်တွင် ကျောင်းဆရာ ဦးစိုးနိုင်(ငြိမ်း)နှင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ
Dec 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကား​ပြောနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 28,2021
(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၆)ရပ်ကွက် အထက (၂) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။