ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်

ငါန်းဇွန်   ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ် တာဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာ ပေး နှိုးဆော်ကြောင်း သိရသည်။

ထိုသို့ လှည့်လည်အသိပညာပေးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်း နှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ သွား ရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန် များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် ခြင်း၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေထိုင်ခြင်း၊ သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာ ရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့် အနီးကပ်ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များ လိုက်နာကြ ပါရန် စသည့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တာဆီးနိုင်ရေး သတိပြုကြရမည့် အချက်များကို မိဘပြည်သူများ သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး မှ မြို့နယ်ဦးစီးမှူးနှင် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး