ကျွန်းစုမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဖလား အလွတ်တန်း(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ်မှဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးက ပါဝင်ယှဉ်ပြိုငသည့်အားကစားအသင်းများအား အားကစားပစ္စည်းများပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ခံရယူခဲ့သည်။ ထို့နောက် အားကစားအသင်းများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွက်ဆိုခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများပါဝင်သော ဇရာအိုအသင်းနှင့်ကညာပျိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ (၂ဂိုး-၁ဂိုး)ဖြင့် ဇရာအိုအသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် အလွတ်တန်း(ဖူဆယ်)ဘောလုံးပြိုင်ပွဲကို ညွှန့်ပေါင်းအသင်းနှင့် ရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒေသခံများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကာ တစ်ဖက် (၂)ဂိုးစီဖြင့် သရေ ကျသွားခဲ့ကြောင်း ပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်များမှ(၁၃)အသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို တစ်နေ့(၄)ပွဲ နှုန်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဗိုလ်လုပွဲကို လာမည့် (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

CTRA(Kyunsu)