သတင်းများ

ရမ်းဗြဲမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြုင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပ
Dec 28,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများတွင် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အားကစားပြုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန် က ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြို့အဝင်လမ်းမကြီးတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် Clean City,Green City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ မြို့အဝင်လမ်းမကြီးတစ်လျှောက် အမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တန့်ယန်းမြို့နယ်၌ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့်ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘယ်လင်းကျေးရွာအုပ်စု တောင်ဦးကျေးရွာ၊ သစ်ခေါက်ကျေးရွာအုပ်စု  သာစည်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့်  ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း   လုပ်ငန်းဆောင်ရွက်နေမူများအား  ယနေ့နံနက်  ( ၁၀ ) နာရီက ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း‌ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဌာနတွင်း ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်
Dec 28,2021
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ဌာနတွင်း ရက်တို မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးမြို့၊ အ.ထ.က(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်‌ရောက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့မဟာနန္ဒာကန်တော်အပိုင်း(၁)အတွင်းငါးမျိုးများစိုက်ထည့်
Dec 28,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မဟာနန္ဒာကန်တော် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုဒီဇင်ဘာလ ၂၈ ရက်နေ့၊နံနက် ၉ နာရီခွဲအချိန်က မဟာနန္ဒါ ကန်တော်အပိုင်း(၁)ရှင်းလင်းဆောင် ရှေ့တွင်ကျင်းပ
သန်လျင်၌ အသက် ၁၂ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်အထက် ရှိသူများအား ယနေ့နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး မြန်မာ၊ ကယားနှစ်ဘာသာဖြင့် အသိပေး နှိုးဆော်
Dec 28,2021
လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး ကို မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားသော နေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်တို့ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော် မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။