သတင်းများ

အိမ်တွင်းမှုလုပ်ငန်းပညာရပ်များဖြင့် မိသားစုဘဝများ အဆင်ပြေနေနိုင်ရေး လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ပေးလျက်ရှိ
Jan 13,2022
လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ပုသိမ်မြို့တွင် ကျောင်းတွင်းပုံမှန်သင်တန်း အပတ်စဉ် (၃/၂၀၂၂)ကို (၁၀-၁-၂၀၂၂)မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ကျော်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ မတွေ့ရ
Jan 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်ဦးမျှ မတွေ့ရှိရ‌တော့ကြောင်း သိရသည်။
လယ်ဝေးမြို့တွင် ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက လယ်ဝေးမြို့နယ်၊ အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ငပုတောမြို့နယ်၌ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယနေ့နံနက် ၁၀ နာ ရီ ၃၀ မိနစ် အချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြော
Jan 13,2022
နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဖြတ်၌ စာဖတ်စွမ်းရည်မြှင့်တင်ရေး ကလေးပုံပြင်ပြောလေ့ကျင့်ပေး
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်စွမ်းရည်မြှင့်တင်ရေး၊ ကလေးပုံပြင်ပြော လေ့ကျင့်ပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးရွာတွင် သခွား၊ပြောင်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးရွာတွင် မိသားစုတစ်နိုင် တစ်ပိုင် လယ်ယာမြေများ၌ သခွား၊ ပြောင်းနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားလျက်ရှိရာ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်
Jan 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပင်းတယမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့”  ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အကောင်အထည်ဖော် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ပင်းတယမြို့နယ်၊ ပွေးလှအခြေခံပညာ အထက်တန်းကျောင်းနှင့် ပင်ပျော်ကျေးရွာအုပ်စုသို့ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။