ပုသိမ် ဇန်နဝါရီ ၁၃
လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ပုသိမ်မြို့တွင် ကျောင်းတွင်းပုံမှန်သင်တန်း အပတ်စဉ် (၃/၂၀၂၂)ကို (၁၀-၁-၂၀၂၂)မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ၊ စုစုပေါင်း (၈၂)ဦးကို သင်ကြားပြသပေးလျက်ရှိပြီး၊ သင်တန်းတွင် မိန်းမဝတ် (လက်မ)၊ မိန်းမဝတ် (စင်တီ)၊ ကျားရှပ်အင်္ကျီ/ ဘော်လီ/ ဘရာစီယာနှင့် မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းများကို ပို့ချသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ သင်တန်းပို့ချပေးရခြင်း၏ ရည်ရွယ်ချက်မှာ ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်လူရွယ်များ စွမ်းဆောင် ရည်မြင့်မားပြီး မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးတို့ဖြင့် ကိုယ်ပိုင်လုပ်ငန်းများဖြင့် ဘဝရပ်တည်နေနိုင်စေရန်အတွက် အိမ်တွင်းမှု ပညာဘာသာရပ်များကို သင်ကြားပြသပေးခြင်း ဖြစ်ကြောင်းသိရသည်။
သင်တန်းကို (၁၀-၁-၂၀၂၂)ရက်နေ့မှ (၁၈-၂-၂၀၂၂)ရက်နေ့အထိ သင်ကြားပြသပေးသွားမည်ဖြစ်ရာ သင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်လဲ့လဲ့ထွန်းနှင့် သင်တန်းဆရာမများမှ အနီးကပ် သင်ကြားပြသပေး လျက်ရှိကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)