ကျောက်မဲ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်ဦးမျှ မတွေ့ရှိရတော့ကြောင်း သိရသည်။
၎င်းကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ မတွေ့ရှိရသော်လည်း ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်း၊ နေအိမ်ပြင်ပထွက် သွားလာသူများ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရေး ကြပ်မတ်ဆောင်ရွက် စစ်ဆေးခြင်း အစရှိသည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို သတ်မှတ်စုရပ် ၄ နေရာတို့၌ တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ် ပုံမှန် ထိုးနှံပေးသည့်အပြင် မိုဘိုင်းအဖွဲ့ဖြင့်လည်း ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ကျောက်မဲမြို့နယ်အတွင်းတွင် ဇန်နဝါရီနေ့ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၅၂၈၀ ဦးရှိပြီဖြစ်ပြီး ကာကွယ်ဆေး လွမ်းခြုံမှုအနေဖြင့် ၅၀ ဒဿမ ၃၃ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။
မိုင်းထွန်း