ချောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှုနည်း ပညာသင်တန်း ဖွင့်လှစ်

ချောက် ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က ထိန်ကန် ကျေးရွာအုပ်စု ထိန်ကန် ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ချောက်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထိုနောက်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတို့က သင်တန်းသူများထံ လိုအပ်သော သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး ခေါင်းလျှော်ရည်၊ ဆပ်ပြာအဆီ၊ ရေမလို လက်သန့်ဆေးရည်၊ ဘက်စုံသုံးဆပ်ပြာ ထုတ်လုပ်မှု နည်းပညာတို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ  ၂၉ ရက် မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်ထိ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)