ကွန်ဟိန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ကွန်ဟိန်း  ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို ကျောင်းသား/ကျောင်းသူများ   အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစား တတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင်  မူလတန်းအဆင့် အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများအား လွတ်လပ်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြည့်(ကွန်ဟိန်း)