မော်လမြိုင် ဒီဇင်ဘာ ၂၉
မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အားကစားနည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ယနေနံနက် ၈ နာရီခွဲက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ ပြည်နယ် အားကစားဥယျာဉ် စီမံကိန်းဘောလုံးကွင်း၊ အဆောက်အဦများ ဆောက်လုပ်မည့် မြေနေရာတွင် ပန္နတော်တင်မင်္ဂလာ အခမ်းအနားကိုကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ အားကစားဥယျာဉ်စီမံကိန်း ဘောလုံးကွင်း၊ အဆောက်အဦတို့ကို တာဝန်ယူတည် ဆောက်မည့် ကုမ္ပဏီများ ဖြစ်သည့် ကြယ်မြင့်မိုရ်၊ ငွေလျံဖြိုးထက်၊ စုန်ရေ၊ လင်းနိုင်၊ K- Excellent Engineering Co.Ltd၊ Perfect Mother Co.Ltd၊Bright Future Co.Ltd၊ ကုဋေကုဋာနှင့် Ngwe Moe Co.Ltd(၉)ခုတို့က မိမိတို့တည်ဆောက်မည့် အပိုင်းလိုက် ရှင်းလင်း တင်ပြပေးပြီးနောက် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သတ်မှတ်နေရာ အသီးသီးတို့၌ ပန္နက်တော်များ စိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့၍ အလားတူ မော်လမြိုင်မြို့၊ ရာမညပွဲကြည့်စဉ်အသစ် ပြန်လည်တည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား တက်ရောက်ကာ ပန္နက်တော် စိုက်ထူပေးသည်။
မွန်ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားသူများအား ကျန်းမာကြံ့ခိုင်မှု အရည်အသွေး ပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု ဘက်စုံ၊ထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် ပြည်နယ် အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)