ငရုတ်ကောင်း ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်၈နာရီကအမှတ်(၁)ရပ်ကွက်ရှိဖူဆယ် ဘောလုံး ကွင်း၌ကျင်းပခဲ့ကြသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကလေးသူငယ်များအနေဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုသိရှိပြီးလွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်၊ အားကစားပြိုင်ပွဲများကိုအားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် ဘောလုံးဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ သုံးချောင်းထောက်အပြေး ပြိုင်ပွဲ၊ ဂုံနီအိပ်စွပ်ပြိုင်ပွဲ၊ ခြင်းကွက်နင်းခြင်းပြိုင်ပွဲ၊ မီတာ(၁၀၀) ကျား/မပြိုင်ပွဲ၊ မီတာ(၂၀၀)ကျား /မပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲများ အပါအဝင် အခြားအားကစားပြိုင်ပွဲများ ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြပြီး ဆုရသောကလေးငယ်များအား ဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။