ပျော်ဘွယ် ဇန်နဝါရီ ၅
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသည့်ပြည်သူများ၊ လူစည်ကားသည့်စျေး၊ မော်တော် ကားဂိတ်တို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့က ဖြန့်ဝေပေးခဲ့ကြသည်။
သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ် လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက(နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ်ချက်များ)၊ ကမ္ဘာတည်သ၍ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများ စုံလင်စွာပါဝင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)