ပျော်ဘွယ် ဇန်နဝါရီ ၅
ပျော်ဘွယ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လွတ်လပ်ရေး ကျောက်တိုင်ကွင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ယမန်နေ့နံနက်(၄)နာရီနှစ်ဆယ်မိနစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား လွှင့်တင်ကာ နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အခမ်းအနားသို့ တက်ရောက်လာသူများက အလေးပြုကြသည်။
ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် အခမ်းအနားသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပြည်သူများက နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့်(၇၄) နှစ် မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)