သံတွဲမြို့၌ (၇၄)နှစ်မြေက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

သံတွဲ    ဇန်နဝါရီ  

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄:၂၀ နာရီ က သံတွဲမြို့ ဦးဥတ္တမပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင် ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံတင်တပ်ဖွဲ့မှ နိုင်ငံတော်အလံကို လွှင့်ထူကာ တက်ရောက်လာကြသူများက အလေးပြုကြသည်။

ဆက်လက်၍ နံနက် ၇နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကိုကျင်းပရာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံတင်တပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ် က ဖတ်ကြားသည်။

ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြည်နယ်အဆင့် စာစီစာကုံးပွဲ ဒုတိယဆုရရှိခဲ့သည့် အထက(ခွဲ)မြို့မကျောင်း (Grad-11)မှ မအိအိအိမ့် မြို့နယ်အဆင့် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းဗဟေဠိပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသားကျောင်းသူများကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းနှင့်ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်()ရပ်၊ ရှေ့လုပ်ငန်းစဉ် ()ရပ်ဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ၊ မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား  ဓါတ်ပုံပြပွဲဆောင်ရွက်ပြသခဲ့သည်။

ခရိုင် (ပြန်/ဆက်)